နည်းလမ်း(၁)
Usr Account Control
User Account Control လို့ ခေါ်တဲ့ UAC ဟာ Windows Vista ရဲ့ အဓိက လက္ခဏာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ UAC ရဲ့ အလုပ်ကတော့ System software နဲ့ program တွေရဲ့ လုပ်ငန်း ဆောင်တာတွေကို လုပ်ကိုင်ခွင့် ထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်။ Windows စနစ်ရဲ့ လုံခြုံရေးအတွက် ပိုမို ကောင်းမွန်အောင် ဖန်တီးထားတာ ဖြစ်ပေမဲ့ သိပ်အဆင်မပြေတာက software or program တစ်ခုခု စတင်ပြီဆိုတာနဲ့ ခွင့်ပြုမိန့် ကို ထပ်ပြီး တောင်းနေတော့ တာပါပဲ။ နောင်တစ်ချိန်မှာ သင့် ပီစီရဲ့ User Account Control နဲ့ ပတ်သက်ပြီး သိပ်မစဉ်းစားချင် မသိချင်ရင်တော့ UAC ကို Disable လုပ်ပစ်လိုက်ပါ။
1. Start > Control Panel ကိုသွားပါ။
2. System and Maintenance ကိုရွေးပါ။
3. Administrative Tools ကိုရွေးပါ။
4. ညာဘက်ခြမ်းမှာရှိတဲ့ System Configuration ကို click နှိပ်ပါ။
5. အကယ်၍ UAC message box ပေါ်လာလျှင် Continue လုပ်ပါ။
6. System Configuration panel မှ Tool ဆိုတဲ့ Tab ကိုရွေးပါ။
7. Disable UAC ဆိုတာကို ရှာပြီးရွေးပါ။
8. Click OK ကို နှိပ်ခြင်းဖြင့် System Configuration Panel ကိုပိတ်ပါ။
ဒီ Setting ကိုရရှိဖို့ရာ သင့် ကွန်ပြူတာကို Reboot လုပ်ရပါလိမ့်မယ်။
နည်းလမ်း (၂)
System Restore and Indexing
Windows စနစ်ရဲ့ System Restore and Indexing ဆိုတဲ့ လက္ခဏာ (၂)ရပ်ရဲ့ လုပ်ဆောင်ချက် တွေဟာ အကြောင်းမဲ့ CPU ရဲ့ အသုံးပြုမှု မြင့်မားခြင်းကြောင့် နှေးကွေးမှုတွေကို ဖြစ်စေသလိုမျိုး သုံးစွဲသူတွေကို ခံစားရစေပါတယ်။ ဒါအပြင် အချိန်ကာလ ကြာလာတာနဲ့အမျှ Disk space တွေကို အတော်များများ ယူပစ်လေ့ ရှိတတ်ပါတယ်။ System Restore ဟာ စနစ်တစ်ခုရဲ့ ကောင်းမွန်တဲ့ လျှပ်တပြက် အခြေအနေ ဒါမှမဟုတ် restore point တွေကို နောင်တစ်ချိန်မှာ ပြန်လည်ရယူနိုင်အောင် မှတ်တမ်းတင် ပေးလေ့ ရှိပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ program တစ်ခု ဒါမှမဟုတ် driver software အသစ် ထည့်သွင်းတိုင်း အချိန်ဇယား သတ်မှတ်ထားပြီး restore point ကိုဖန်တီးလေ့ရှိပါတယ်။ ဒါမှသာ နောင်တစ်ချိန်မှာ သင့်စနစ် အတွင်း တစ်စုံတစ်ရာ ပြဿနာ ရှိလာမယ် ဆိုရင် အရင် ကောင်းမွန် နေခဲ့သော နောက်ဆုံး အခြေအနေ တစ်ခုကို ပြန်လည် ရယူနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ System Restore ရဲ့ လုပ်ဆောင်ချက် တွေကို နှစ်သက်မယ် ဆိုရင်တော့ ကောင်းမွန်တဲ့ အလားလာကောင်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ဟာ System Restore ကို သုံးဖို့ ဆန္ဒ လုံးဝ မရှိဘူး ဆိုရင်တော့ သင့်ရဲ့ အရေးကြီးတဲ့ Data တွေကို တစ်နည်းနည်းဖြင့် back up လုပ်ထားဖို့ အကြုံပြုချင် ပါတယ်။ ဒီ System Restore ကို ပိတ်ထားပါက သင့်ရဲ့ အရင် ရှိပြီးသား restore point တွေကို ဖျက်ပြီး ဖြစ်သလို သင့် Hard disk အတွင်းမှာ ဘာမှန်း မသိဘဲ disk space ပျောက်ဆုံး တတ်တဲ့ ကိစ္စတွေကို ဖြေရှင်း ပြီးသား ဖြစ်ပါ လိမ့်မယ်။ Indexing Service ဟာ သမား ရိုးကျအားဖြင့် Start menu, user account နဲ့ directory အတွင်းမှ အချက်အလက်တွေ ဖိုင် စနစ်တွေကို လျင်လျင် မြန်မြန် ရှာဖွေ နိုင်ဖို့ရာ အထောက်အပံ့ ပေးပါတယ်။ ဖိုင်စနစ်တွေကို အသုံးပြုသူက ဆောင်ရွက်ခြင်း မရှိဘဲဖြင့် အလိုအလျောက် အညွှန်းတွေ့ ပြုလုပ်ပါတယ်။ တကယ်တမ်း အားဖြင့် အသုံးပြုသူတွေဟာ အမြဲတမ်း ရှာဖွေရေး လုပ်ငန်းစဉ် တွေကို လုပ်နေတာ မဟုတ်တဲ့ အတွက် Indexing စနစ်ကို ပိတ်ထားလို့ ရပါတယ်။ System Restore and Indexing ကိုပိတ်ပစ်ဖို့ရာ အောက်ပါ အတိုင်း ဆောင်ရွက် နိုင်ပါတယ်။
System Restore ကို ပိတ်နည်း။
1. Start > Control Panel ကိုသွားပါ။
2. System and Maintenance ကိုရွေးပါ။
3. Backup and Restore Center ကိုရွေးပါ။
4. ဘယ်ဘက်ခြမ်းမှ Create a restore point or change setting ကိုရွေးပါ။
5. အကယ်၍ UAC message box ပေါ်လာခဲ့မယ် ဆိုရင် Continue လုပ်ပါ။
6. “System Properties” Panel တက်လာလျှင် System Protection ဆိုတဲ့ Tab ကိုရွေးပါ။
7. စာသားအောက်မှ သင့် Hard Drive တွေရဲ့ စာရင်းကို Uncheck လုပ်ပါ။
8. ပြီးနောက် message box တစ်ခု တက်လာတဲ့ အခါ Turn System Restore off ခလုတ်ကို ရွေးပေးပါ။
9. Click OK ကိုရွေးပေးခြင်းအားဖြင့် ပြင်ဆင်မှုကို သတ်မှတ်ပါ။
Indexing Feature ကိုပြုလုပ်နည်း
1. Start > Control Panel ကိုသွားပါ။
2. System and Maintenance ကိုရွေးပါ။
3. Indexing Options ကိုရွေးပါ။
4. Modify ခလုတ်ကို ရွေးပါ။
5. UAC message box ပေါ်လာမယ်ဆိုရင် continue လုပ်ပါ။
6. Indexed location စားသားအောက်ခြေရှိ Show all location ခလုတ်ကို နှိပ်ပါ။
7. UAC message box ပေါ်လာမယ်ဆိုရင် continue လုပ်ပါ။
8. Summary of selected location မှ Users ကို Double click နှိပ်ပါ။
9. User directory ကို Uncheck လုပ်ပါ။
10. Summary of selected location မှ Start Menu ကို Double click နှိပ်ပါ။
11. Start Menu directory ကို Uncheck လုပ်ပါ။
12. Panel ကို ပိတ်ဖို့ရာ OK ခလုတ်ကို နှိပ်ပါ။
နည်းလမ်း (၃)
Windows Sidebar
Windows sidebar ဟာ Vista ရဲ့ အသွင်အပြင်တစ်ခုဖြစ်ပါတယ်။ အသုံးပြုမယ့် သူတွေ အတွက်တော့ လှပတဲ့ အဆင် တန်ဆာ တစ်ခု ဖြစ်သလို အသုံးမပြုသူတွေအတွက်တော့ Windows Vista Sidebar ဟာ Gadgests (၃)ခုကို အလုပ်လုပ်ဖို့ရာ 12MB နဲ့ 20MB အကြား ပမဏရှိတဲ့ Memory ကိုသုံးစွဲလေ့ရှိပါတယ်။ အဲဒီ sidebar ကို အသုံးမပြုဘဲ ပိတ်ထားလိုက်မယ်ဆိုရင် သင့်အတွက် 20MB ၀န်းကျင်ရှိတဲ့ memory သုံးစွဲမှု ပမဏကို လျော့ချရာ ရောက်ပါလိမ့်မယ်။ Windows Sidebar ကိုပိတ်တဲ့ နည်းများစွာ ရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ -
၁။ Windows Sidebar ရဲ့ အသုံးမပြုတဲ့ နေရာ (Gadgets တစ်ခုနှင့် တစ်ခုအကြား) ကို Right Click နှိပ်ပါ။
၂။ Context menu ပေါ်လာတဲ့အခါ Properties ကိုရွေးပါ။
၃။ Start Sidebar When Windows Starts ကို Uncheck လုပ်ပါ။
၎။ Click OK ကို နှိပ်ပြီး Setting ကိုသတ်မှတ်ပါ။ သင့် desktop ပေါ်မှ Sidebar ကတော့ ကွန်ပြူတာကို restart မလုပ်မချင်း ရှိမြဲ ရှိနေဦးမှာ ပါပဲ။
တကယ်လို့ ချက်ချင်း ပိတ်ပစ်ချင်တယ် ဆိုရင်တော့ -
၁။ System Tray (Windows ရဲ့ ညာအခြေရှိ clock display အနီးမှ Windows Sidebar ကို Right Click နှိပ်ပါ။)
၂။ Context menu ထွက်လာတဲ့အခါ Exit ကိုနှိပ်ပါ။
(သို့မဟုတ်)
၁။ Windows Sidebar ရဲ့အသုံး မပြုတဲ့ နေရာ (Gadgets တစ်ခုနှင့် တစ်ခုကြား) ကို Right click နှိပ်ပါ။
၂။ Context menu ပေါ်လာတဲ့အခါ Exit ကိုနှိပ်ပါ။
နည်းလမ်း (၄)
Remote Assistance and Remote Desktop
သင့်အတွက် မလိုအပ်တဲ့ Remote Assistance and Remote Desktop ဆိုတာကို ဖယ်ရှား တားဆီးပါ။ Remote Desktop ဆိုတာကိုတော့ Vista Home နဲ့ Vista Home Premium မှာ မပါရှိပါဘူး။ ဒါကြောင့် အဲဒီ Windows စနစ်တွေမှာ ပြင်ဆင် စရာ မလိုပါဘူး။
Remote Assistance နဲ့ Remote Desktop ဆိုတာကို မသုံးဘူး ဆိုရင်တော့
1. Start > Control Panel ကိုရွေးပါ။
2. System and Maintenance ကိုရွေးပါ။
3. System ကိုရွေးပါ။
4. ဘယ်ဘက်ခြမ်းရှိ Remote Setting ကိုရွေးပါ။
5. UAC message box ပေါ်လာလျှင် Continue လုပ်ပါ။
6. Allow Remote Assistance connections to this computer ကို Uncheck လုပ်ပေးပါ။
7. Click OK ကိုနှိပ်၍ Setting ကို သတ်မှတ်ပါ။
နည်းလမ်း (၅)
Vista Aero (Themes)
Windows Vista ရဲ့ Themes အသစ်ကို မသုံးခြင်းဖြင့် စွမ်းရည်ကို မြှင့်တင်ပါ။ အမှန် တကယ်တော့ Aero လို့ ခေါ်တဲ့ Windows Vista ရဲ့ Themes ဟာ Vista အဖြစ် လူသိများ စေတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။ သုံးစွဲသူတွေ အနေနဲ့လည်း အလွန်တရာကို သဘောကျ နှစ်ခြိုက်ဖွယ် ကောင်းလှပါတယ်။ Vista ရဲ့ Aero Glass Engine ကိုလည်ပတ်နိုင်ဖို့ရာ လိုအပ်တဲ့ စနစ်တောင်းဆိုမှုအဆင့်ကို အပြည့် မရှိနိုင်ဘူး ဆိုရင် Themes တွေကို ပိတ်ပစ်လိုက်ပြီး သုံးစွဲ နိုင်ပါတယ်။ Windows 2000, Windows XP Classic Themes ကဲ့သို့ပင် ဖြစ်ပြီး memory သုံးစွဲမှုကိုလည်း ချွေတာရာ ရောက်ပါတယ်။ Vista ရဲ့ Aero ကို ပိတ်ပစ်မယ် ဆိုရင်တော့
1. Start > Control Panel ကိုသွားပါ။
2. Appearance and Personalization ကိုရွေးပါ။
3. ထိပ်ဆုံးမှ Personalization ကိုရွေးပါ။
4. Theme ကို ရွေးပါ။
5. Theme ရဲ့ Drop down box အတွင်းမှ “Windows Classic” ကိုရွေးပါ။
6. Click OK.
ဆက်လက်ပြီးတော့ အမြင်ပိုင်းစွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီးတော့ ချိန်ညှိ စရာလေးကို ပြုလုပ်နည်း။
1. Start > Control Panel ကိုသွားပါ။
2. System and Maintenance ကိုသွားပါ။
3. Performance information and Tools ဆိုတာကိုရွေးပါ။
4. ဘယ်ဘက်ခြမ်းရှိ Adjust Visual Effect ကိုရွေးပါ။
5. UAC message box ပေါ်လာလျှင် continue ခလုတ်ကိုနှိပ်ပါ။
6. Adjust for Best Performance ကိုရွေးပါ။
7. Click OK.
နည်းလမ်း (၆)
Updated Drivers
Hardware ထုတ်လုပ် သူများ ထံမှ ရရှိသော Windows Vista အတွက် နောက်ဆုံးပေါ် Driver တွေကို install လုပ်ပါ။ ဘယ် Driver တွေကို install လုပ်ရမလဲ ဆိုတာကို ပြောဖို့ရာ အဆင်ပြေမှာ မဟုတ်တဲ့ အတွက် Vista Ready, Vista Update Drivers တွေကို သုံးပြီး သင့် Hardware တွေကို အသုံးချပါ။ Windows စနစ်တွေလို Operating System ထဲမှာ ပါလာတဲ့ ပင်မ driver တွေကို သုံးခြင်းထက် Hardware တစ်ခုစီရဲ့ ကိုယ်ပိုင် သီးသန့် Driver တွေ၊ Update တွေကိုပဲ သုံးစွဲခြင်းဟာ သင့်စက်ရဲ့ စွမ်းဆောင်ရည်နဲ့ သက်တမ်းရှည် နိုင်မှုကို သိသာ စေပါတယ်။
နည်းလမ်း (၇)
Lighten System Tray
System Tray မှာ မလိုအပ်တာတွေ ရှင်းပါ။ Driver တွေ အားလုံးကို အဆင့်မြှင့်ပြီးတဲ့ အခါမှာသော် လည်းကောင်း Software အသစ်ကို
ထည့်သွင်း ပြီးတဲ့ အခါမှာသော် လည်းကောင်း System Tray လိုနေရာမျိုးမှာ icons တွေပေါ်လာတတ်ပါတယ်။ ဥပမာ - nVIDIA ရဲ့ driver belper လိုဟာမျိုး၊ အခြား software တွေရဲ့ quick access icons တွေဟာ boot time ကို ကြာရှည်စေပြီး Windows စနစ် စတင်မှုကိုလည်း နှောင့်နှေး စေပါတယ်။ ဒါကြောင့် Driver တွေနဲ့ Software တွေကို ထည့်သွင်း အသုံးပြုတဲ့ အခါမှာ အဲဒီ ကိစ္စတွေ မဖြစ်အောင် ဂရုစိုက် ရှောင်ကြဉ်ပါ။
နည်းလမ်း (၈)
Add/Remove Programs
အသုံးမပြုတဲ့ Windows Vista ရဲ့ အခြား ကြန်အင် တွေနဲ့ သင့်ရဲ့ application software တွေကို ဖြုတ်ထုတ် ပစ်ပါ။ ဒါဟာ Windows စနစ် လုပ်ငန်း လည်ပတ်မှုကို ၀န်လေး စေခြင်းမှာ ကာကွယ် နိုင်ပါတယ်။
1. Start > Control Panel ကိုသွားပါ။
2. Programs ကိုရွေးပါ။
3. Programs and Features ကိုရွေးပါ။
4. ဘယ်ဘက်ခြမ်းရှိ Turn Windows Features On or Off ကိုရွေးပါ။
5. UAC message box ပေါ်လာလျှင် continue လုပ်ပါ။
6. ထို့နောက် သင့်အတွက် မလိုအပ်တဲ့ Windows features တွေကို uncheck လုပ်ပြီး လိုအပ်တာတွေကို check လုပ်ပါ။
7. Click OK.
အထက်ပါ လုပ်ဆောင်ချက်များအပြင် သင့်အတွက် မလိုအပ်တဲ့ Program အချို့ကိုလည်း စိတ်ရှည်ရှည်ဖြင့် Uninstall လုပ်ပစ်လိုက်ပါဦး။
နည်းလမ်း (၉)
Services
သင့်အတွက် မလိုအပ်ဘူးဆိုတဲ့ Windows Vista ရဲ့ အခြားဖြည့်စွက် services တွေကို ပိတ်ပစ်၊ ရပ်ဆိုင်းပစ်ပါ။ အဲဒီလို Vista ရဲ့ မလိုအပ်တဲ့ အခြား ဖြည့်စွက် Sevices တွေကို ရပ်ဆိုင်း ပစ်ခြင်းဖြင့် သင့်ရဲ့ ပီစီကို အစွမ်းကုန် မြန်ဆန် သွက်လာစေပါမယ်။ Windows Vista Home Basic မှာ service စုစုပေါင်း ၁၂၀ထည့်သွင်းပေးထားပြီး သူတို့ရဲ့ memory သုံးစွဲတဲ့ ပမဏဟာ 200MB နှင့် အထက် ရှိပါတယ်။ Home Premium နှင့် Business အမျိုးအစားမှာလည်း service စုစုပေါင်း ၁၂၄ အတွက် 200MB နှင့်အထက် အသီးသီး နေရာယူ သုံးစွဲမှာ ဖြစ်ပြီး Ultimate အမျိုးအစားမှာတော့ service စုစုပေါင်း ၁၂၉ ကို 250MB နှင့် အထက် ပမဏရှိတဲ့ memory ကို အစွမ်းကုန် သုံးစွဲမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကိုယ့်အတွက် မလိုအပ်တဲ့ service အမျိုးအစား တွေကို ရပ်တံ့စေခြင်းဖြင့် memory သုံးစွဲမှုကို 5MB မှ 100MB အထိ ချွေတာနိုင်မှာ ဖြစ်ပါတယ်။
1. Start > Control Panel ကိုသွားပါ။
2. System and Maintenance ကိုသွားပါ။
3. Administrative Tools ကိုရွေးပါ။
4. ညာဘက်ခြမ်းရှိ Service ကိုရွေးပါ။
5. မလိုအပ်တဲ့ service တွေကို လေ့လာပါ။ ညှိနှိုင်း ပြင်ဆင်ရန် အတွက် Double click နှိပ်ပါ။
6. General ဆိုတဲ့ tab မှ Start up type အပိုင်းတွင် Automatic လား၊ Manual လား၊ Disabled လားဆိုတာ ကြိုက်ရာရွေးချယ်နိုင်ပါတယ်။
7. Start လုပ်မလား၊ Stop လုပ်မလား ဆိုတာ သတ်မှတ်ပါ။ မလိုအပ်တဲ့ Service ဖြစ်တဲ့အတွက် Stop ကိုနှိပ်ပါ။
အားလုံးကို လိုသလို ပြုပြင် ပြီးသည့် နောက်မှာ သင့်ရဲ့ ကွန်ပြူတာကို reboot လုပ်ပေးပါ။ အရင်နဲ့ မတူ တမူထူးခြားလို့ ပေါ့ပါး သွက်လက် နေပါ လိမ့်မယ်။

0 comments:
Post a Comment